နံနက်ခင်းကဗျာသို့ လာရောက်လည်ပတ်သူ မိတ်ဆွေများအား နံနက်ခင်းကဗျာမှ ကြိုဆိုနေမြဲပါ။

Thursday, October 29, 2009

The Taking of PELHAM 123



Download

အပြည့်စုံသို့ .

Bruce Nillis SURROGRTES



Download

အပြည့်စုံသို့ .

Steve Austi DAMAGE



Doanload

အပြည့်စုံသို့ .

Metal Gear Solid PHILANTHROPY



Downloadသို့မဟုတ် Download

အပြည့်စုံသို့ .

Sunday, April 5, 2009

ဒါနံ သုခကာရီ....


စစ်ကိုင်းမြို့တွင် သီတင်းသုံးနေသော ဆရာတော် ဦးကောဝိဒသည် တစ်ဖက်တစ်လမ်းမှ လူထုအကျိုးပြု ကွန်ပျူတာ ပညာရပ်များကို ဆောင်ရွက်ကာ ပညာဒါန ပြုလုပ်ပေးနေပါသည်။ ကွန်ပျူတာသင်တန်းများ အခမဲ့ ဖွင့်လှစ်ပေး လျက်ရှိနေသော်လည်း ယခုအခါမှာ ကွန်ပျူတာ သင်တန်းတက်ရောက် လာသော လူဦးရေ ပိုမိုများပြားလာပါသည်။ သင်တန်းသားဦးရေများလာသည့် အတွက် ကုဋီ (အိမ်သာ) များ လိုအပ်လျက် ရှိနေပါသဖြင့် လှူဒါန်းနိုင်ပါရန် နှိုးဆော်အပ်ပါသည်။ အသေးစိတ်ကို ဤတွင် ဖတ်ရှုနိုင်ပါသည်။

အပြည့်စုံသို့ .

Saturday, March 28, 2009

ဥယျာဉ်မှူး

ထိုင်းနိုင်ငံတောင်ပိုင်းမှာ
တုမနှိုင်းသာ ပညာရေးတွေက
အလေးပေးလို့ သင်ကြားရာမှာ
ကွန်ပြူတာပါ ရှိသေး။

သက်မွေးဝမ်းကြောင်း စုံလင်ကာ
ဓာတ်ပုံ၊ ဗွီဒီယို ပညာတွေနဲ့
ဘာသာစကားတွေက
ကမ္ဘာတလွှားမှာ ဝင်ဆန့်နိုင်စေ။

အခြေတင့် မလေလွင့်အောင်
(အမျိုးသမီး) ဆောင်မှာ အချုပ်အလုပ်တွေကို
ဉာဏ်ထွင်ကာ ဆင့်လို့ရယ်
မြင့်လှစေရှင့်။

ဘာသာရေးနှင့် အိမ်တွင်းမှု
သုခုမ အနုပညာ၊ အဆို အကတွေနဲ့
အို အလှ တန်ဆာဆင်လို့
ယဉ်ယဉ်ကျေးကျေး ဘဝလေးတွေကို
အားကျစရာ တခေတ်ပြောင်းလို့ရယ်
ကောင်းမြတ် စေသား။

ကလေးငယ်တွေ ပညာတိုးစေဖို့
မရိုးနိုင်တဲ့ ‘ပေါင်းစည်း’ စနစ်တွေနဲ့
အသစ်တဖန် ပြုလို့ရယ်
ခုတတ်စေသား။

အာစရိယ ကျေးဇူးရှင်
ဂုဏ်အင်မှာ အနန္တ
မိုးမြေတမျှ။
GHRE ရဲ့ ကျိုးပမ်းမှုကြောင့်
ပညာပန်းခင်း ဖူးပွင့်စုံပြီ
ထူးတင့်ဂုဏ် ဝင့်ကြွားကာ
ကမ္ဘာအရပ်ရပ်က ဟစ်တိုင်ပေါ်ဝယ်
လှစပြိုင်ကာ ကြွေးကြော်လိုက်ချင်ရဲ့
အို ကွဲ့ “ငါတို့ရဲ့ မြန်မာ ကလေးများ”

စိမ်းပန်းညို
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

အပြည့်စုံသို့ .

ရင်ဖွင့်သံ

သူငယ်ချင်း
စိတ်တူ ကိုယ်တူ ဘဝတူမို့
ရင်တွင်းစကား မဖယ်ရှားဘဲ
ဖွင့်ဟပြောမယ် နားဆင်ကွယ်။

ငါတို့ဌာနေ လခြမ်းမြေမှာ
ချလိုက်တဲ့ စစ်တပ်
ကောက်လိုက်တဲ့ အခွန်ငွေ
သူတို့တွေပြောတော့ လုံခြုံရေးပါတဲ့။

မျိုးမစစ် အယုတ်တမာတွေလက်ထဲ
အသက် အသည်းပန်တွေ နွမ်းကြွေလို့
ကျွမ်းဝေဒနာ အမျိုးမျိုးခံစား
တရားခံကို အဖြေရှာ ပြည်သူလူထုပါတဲ့။

ဆွဲလိုက်တဲ့ ပေါ်တာ
ခိုင်းလိုက်တဲ့ အလုပ်
ချောင်ပုန်းရင် ဒဏ်ခတ်
သေဒဏ်ချမှာတောင် ဝန်မလေးဘူးတဲ့။

အပြစ်မရှိ အပြစ်ရှာ
လူတွေကို မတရားဖမ်း
စစ်နှင့် သေဒဏ်
ဘယ်ဟာကို ခံမလဲတဲ့။

လိပ်နှင့် ကြမ်းပိုး
ဘယ်ဟာက ပိုကြီး
လိပ်ကြီးတော့ အပြစ်ဆို
ကြမ်းပိုးကြီးရင် အသေရိုက်
ဒါတွေပဲလား ဥပဒေသစ်။

ဘရုတ်သုတ်ခ တိုင်းပြည်ကြီးမှာ
မုသားဝါဒ ဥပဒေနဲ့
ကမောက်ကမ လူတွေ
အုပ်ချုပ်နေသမျှတော့
သူငယ်ချင်းရေ
မဟာ ဒုက္ခတွေ ဆိုတာ
ရှိနေဦးမှာပါပဲ။

(ဓညဝတီ လွှမ်းမိုးနိုင်)
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

အပြည့်စုံသို့ .

Saturday, February 21, 2009

ပါရမီဖြည့်ဖက်သို့

တင်မြာရေ
ရင်မှာသောက
ပြောမပြတတ်အောင်ပွေရတယ် --
ကုရာနတ္တိ၊ ဆေးမရှိတဲ့အနာ
ဦးခေါင်းခွံအတွင်းမှ
ပြင်းပြတဲ့ဝေဒနာ
အသက်နဲ့ခန္ဓာ၊ စိတ်ဓါတ်မာန်ချဉ်း
အမျှင်တင်းတဲ့သံယောဇဉ်
သမီးနဲ့သား၊ မိခင်ပီသသောမေတ္တာများက
အနန္တစွမ်းအင် ဆက်လက်ရှင်သန်ရစ်မယ်။

တင်မြာရေ
အမြင်၊ အကြား
သောတအာရုံများ
ချို့တဲ့နေတဲ့ကြားက
မျှော်လင့်စောင့်စား
ဝတ္တရားမကျေခဲ့တဲ့ယောက်ျား
အဖေမပီသခဲ့တဲ့ဖခင်
ချစ်လင်ရဲ့ကတိစကား
ပြောသူကပြောခဲ့ငြား
မကြားနိုင်ခဲ့ပါလား။

တင်မြာရေ
ကြားနိုင်မယ်ဆို ရင်မှာရှိသမျှ
ရှင်းပြလိုက်ချင်တယ်
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကရက်တရက်
တခုသောမနက်မှာ
ထွက်သွားခဲ့ရခြင်းဟာ
မင်းတို့ကိုမချစ်လို့ငါ
ခွဲခွာခဲ့တာမဟုတ်ပါ --

ဒီတိုင်းပြည်ကြီးမှာ
လူတိုင်းက
လူလိုပီပီသသ
နေရဖို့အတွက်
အုပ်တချပ် သို့မဟုတ် သဲတပွင့်
ဖြစ်ချင်တဲ့အတ္တနောက်
တကောက်ကောက်လိုက်ရင်းငါ
မင်းတို့ကိုစွန့်သွားခဲ့ရတာပါ

တင်မြာရေ တို့နှစ်ယောက်ကြားမှာ
ကမ္ဘာတခုတော့ခြားနေခဲ့တာအမှန်ဘဲ
မင်း၊ သမီး နဲ့ သား ငါတို့ကြားမှာ
အရံအတားတွေများခဲ့တယ်
မင်းတို့ရှိရာ
နှစ်ပေါင်း (၂ဝ) ကြာတဲ့တိုင်
ငါ--ပြန်မလာနိုင်ခဲ့ဘူး။
ငါက ငါလျှောက်လိုတဲ့ခရီး ငါ့လှေငါစီးခဲ့တာ
ငါ့တယောက်ထဲအတွက်တော့မဟုတ်ပါ။

တင်မြာရေ
အားတင်းထား
သမီးနဲ့သားအတွက်
မင်းဆက်ရှင်သန်ရစ်ရမယ်
ဒေဝနာကိုသညာလို့မှတ်
စိတ်ဓါတ်နဲ့ကု ရှေ့ဆက်ရမဲ့ဘဝနှစ်ခုအတွက်
မင်းရှိမှဖြစ်မယ်။

(ယုံကြည်ချက်အတွက် ခရီးကြမ်းထွက်ခဲ့သူအပေါ် အနစ်နာခံ၍ လစ်ဟင်းခဲ့သမျှတာဝန်များကိုသမီးနှင့်သား အပေါ်ဖြည့်စွမ်းယင်း ဦးဏှောက်အကြိတ်ရောင်ရောဂါဝေဒနာခံစားလျှက် နောက်ဆုံးရက်များကိုစောင့်နေရ ရှာသည့် ချစ်ဇနီးသို့)
သောသီခို (၁၉-၁ဝ-ဝ၈၊ ဝ၉း၄၄)
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

အပြည့်စုံသို့ .

ဘဝမေ့သူ

ထိုင်းနိုင်ငံရဲ့ တနေရာ
လေ့လာကြည့်သည့်အခါ
တံငါရွာလေးမှာ အလုပ်ရှာလို့
မြန်မာအလုပ်သမားတချို့။

ထွက်စရိတ်ငွေလေး ရတဲ့အခါ
သောက်စားမူးယစ် ပျော်လို့သာ
ဖြစ်ပျက်နေတာ ကြည့်မလှ
ကိုယ့်ဘဝ ကိုပင်သတိမရ။

မြန်မာပြည်က ထွက်လို့လာ
ရည်ရွယ်ချက်နဲ့ပါ
အလုပ်လုပ်တာ တနှစ်မပြည့်လေသေး
ပျင်း ပျော် ပျက်လို့ ထွက်ကာပြေး။

ချုံပုတ်ကြားက ထွက်လို့လာ
ပိုးစုန်းကြူးလေးပမာ
မီးရောင်အောက်ကို ရောက်လို့များ
ဘဝမေ့ကာ ဘဝင်မြင့်သွား။

ပိုးဖလံမျိုး မီးကိုတိုး
ကိုယ်ကျိုးနည်းလို့ အဖြစ်တွေဆိုး။
စိန်လွင် (ထပ်လမု)
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

အပြည့်စုံသို့ .

Wednesday, February 4, 2009

စာနာပါ

လွှသမား
သစ်သားကို လွှတိုက်တော့
လက်ဖျားကို ခိုက်မိရာ။
နိုင်ငံသား
နိုင်ငံရေး လှုပ်ရှားတော့
ကျဉ်းကျယ် ချုပ်နဲ့ ငြားခဲ့ရာ။
မဖြစ်ချင် ဖြစ်ချင် ဖြစ်တာမို့
ဖြစ်လာက ပြစ်မမြင်သင့်ပါ
သတိထား ပြုမူစရာ
ပြုသူသာ ချင့်သုံး။
ကျောင်းကျိုးရည်မျှော်
သို့ငြား ပါသော်လည်း
အဆိုးနော် အကျိုးပေါ်ထွက်ပါက
ဒေါသထန် ရန်မာန် မဖက်သင့်တယ်
မင်းရာဇာ သိစေချင်ဆုံး။

ဂန္တဝင် (ဗိုလ်ကြာ)
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

အပြည့်စုံသို့ .

ဘဝ

နှစ်လုံးတည်း စကားလုံး
ပြောကြ သုံးလည်း
မဆုံး အဓိပ္ပါယ်
နက်ရှိုင်း ကျယ်၏။
ပန်းမွေ့ယာပေါ်
အိပ်စက် ပျော်လည်း
ဒါ ‘ဘဝ’ ပဲတဲ့။
ရွှံ့နွံ တွင်းဝယ်
ကျောဆန့် ခင်းရလည်း
ဒါ ‘ဘဝ’ ပဲ။

ပန်းခင်းသောလမ်း
လှမ်းလျှောက် ရလည်း
ဒါ ‘ဘဝ’ ပဲ။
ဆူးခင်းလမ်း အထပ်ထပ်
နင်းဖြတ် ကျော်လွှား
သွားပါ ရလည်း
ဒါ ‘ဘဝ’ ပဲ။
ဘယ်၍ ဘယ်မျှ
ဒဏ်ချက်ရလို့
ဘယ်၍ ဘယ်မျှ
လဲပြို ကျပါစေ
စိတ်ဓာတ် ခွန်အား
တင်းကာ ထားမယ်
လူသားတို့ မာန်
မိုးသို့ ပျံဝဲ
လဲလျှင် ပြန်ထ
ဒါ ‘ဘဝ’ ပဲ။
ကျော်
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

အပြည့်စုံသို့ .

Thursday, January 15, 2009

လှူဒါန်းနိုင်ကြရန် နှိးဆော်လိုက်ပါသည်

ညနေဖက်မှာ တစ်ယောက်တည်း ဘလော့ဂ်တွေ လိုက်ကြည့်နေရင်းနဲ့ ဦးဇင်းကောဝိဒရဲ့ (ပရဟိတ)ဒါနပါရမီ ဝက်ဆိုဒ်ကို ကြည့်မိပါတယ်။ အဲဒါနဲ့ ကျနော်လည်း ဦးဇင်းမေးကိုရှာပြီး အက်ထားလိုက်ပါတယ်၊ အက်တော့ အက်ထားလိုက်တာပဲ ဒါပေမယ့် ဦးဇင်းကို မိတ်မဆက်နိုင်ပဲ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတယ် ဆိုပါတော ...
ဦးဇင်းနာမည်ကို သိတာတော့ ဘလော့ဂါများ မဲပေးကြတဲ့ အချိန်ကစပြီး သိတယ်ခဲ့ရပါတယ်။ အဲဒါနဲ့ မနေ့ညနေကမှ ဦးဇင်းနဲ့ စကားပြောဖြစ်ကြတယ် ဦဇင်းလုပ်နေတဲ့ အလုပ်ကလည်း ကောင်းသော လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ဦးဇင်းရဲ့ စေတနာဒါနကို ကြည်ညိုသောအားဖြင့် ဒီပို့စ်ကို ကိုပီကေထံမှ ကော်ပီယူပြီး တင်ပေးလိုက်ပါတယ်။ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးကာ ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင် ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။


အဲဒီ ခေတ်ရဲ့ ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။ မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့ အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမတစ်ဆောင် အနေနဲ့ သီးသန့် လုပ်ထားပြီး ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။ သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံး နဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။


သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့ ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့ သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇) သိန်း လောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့ ကွန်ပြူတာ အလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့ ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။


ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည် တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက် တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့…


၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)

၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)

၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့ အုတ်ခင်းပြီး)

၎။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့် မလာတလှည့်)

၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့ စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)

၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။ သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့ စီမံရပါမည်)

၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)
၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)လှူဒါန်းလိုသူများ ဆက်သွယ်ရန်

၁။ ဦးကောဝိဒ @mailto: kovida9@gmail.com

၂။ ပီကေ @mailto: pikay@myanmarbloggers.org

၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com

၎။ မျက်လုံး @mailto: thethtoo@gmail.com

၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com

၆။ အရုပ်ကလေး @mailto: idulize@gmail.com


နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ ကိုယ်ပိုင် ဘလော့ဂ် ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်း ဘလော့ဂ်မှာ ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက် ကြည့်ရှုလေ့လာ နိုင်ပါတယ်။ ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။


အားလုံးကို လေးစားသောအားဖြင့်

ပီကေ

အပြည့်စုံသို့ .

Tuesday, January 13, 2009

ထိုင်းကျောင်းနေမြန်မာကလေးငယ်များ အတွက်….


ကျနော်တို့ ဖန်ငါခရိုင်၊တကွာပါမြို့နယ်တွင်၊ ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ ဘဝမြှင့်တင်ရန် ရည်ရွယ်ပြီး Grassroots-HRE မှ နီးစပ်ရာ ထိုင်းစာသင်ကျောင်းများတွင် မြန်မာကလေးငယ် ငါးဆယ်ခန့်ကို ထိုင်းစာ၊ ထိုင်းစကား၊ ထိုင်းရိုးရာစသော ဘာသာရပ်များကို လေ့လာနိုင်ဖို့အတွက် ထိုင်းကျောင်းသို့ ပို့ထားပေးသည်မှာ ၂နှစ် ရှိနေပါပြီ။

ထိုကလေးငယ်များသည် ကျောင်း တစ်ကျောင်းတည်းမဟုတ်ဘဲ၊ ကျောင်း သုံးကျောင်းခွဲပြီး တက်ကြရာ၊ တချို့သော ကလေးငယ်များအတွက် ၎င်း ထိုင်းကျောင်းစာသင်ခန်းမမှာပင် မြန်မာဆရာမနဲ့တကွ မြန်မာဘာသာရပ်ကို သင်ယူခွင့် ရအောင်လုပ်ပေးနိုင်ခဲ့သော်လည်း၊ တစ်ချို့သော ကလေးငယ်များအတွက် မြန်မာဘာသာရပ်ကို သင်ယူခွင့်ရအောင် လုပ်မပေးနိုင်ခဲ့ပါ။ ထို့ကြောင့်၊ ထိုင်းကျောင်းနေ မြန်မာကလေးငယ် တစ်ချို့သည် မြန်မာစာများကို ရေးရ၊ ဖတ်ရမှာ အခက်အခဲ ဖြစ်နေကြောင်း သိခဲ့ရပါသည်။
ယခု ထိုမြန်မာစာ သင်ယူခွင့် မရသေးသော ကလေးငယ်များကို ၂၀၀၉၊၀၁၊၁၃ ရက်နေ့ကစပြီး Grassroots-HRE ရုံးခွဲ ဖြစ်သည့် HOP ရုံး အတွင်းမှာပင် ထိုင်းကျောင်းဆင်းပြီးချိန် (၃)နာရီခွဲကျော် မှ (၅)နာရီကျော်ထိ တစ်ပတ်ကို ၂ရက်ကျ၊ မြန်မာစာ သင်ကြားခွင့်ရပါပြီ။ဤသို့ သင်ပေးသောကြောင်း စာသင်ခွင့်ရသူ ကလေးငယ်များမှာ ဝမ်းသာပျော်ရွှင်မိကြောင်း စာလာသင်ပေးသော ဆရာမကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောသွားကြပါသည်။

အပြည့်စုံသို့ .

Saturday, January 10, 2009

ကလေးများနေ့


ကလေးများနေ့ အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်၊ တကွာပါမြို့နယ်၊ ခိခပ် ထိုင်းစာသင်ကျောင်းတွင် ၂၀၀၉၊၀၁၊၁၀ နေ့က ပြုလုပ်သွားပါသည်။ ထိုအခမ်းအနားကို တကွပါမြိုနယ် အတွင်ရှိ ခိခပ်၊ ဘန်နိယင်း၊ ပါဝိစသည့် ထိုင်းကျောင်းများမှ ဆရာ၊ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများ။ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (Grassroots-HRE) မှဖွင့်လှစ်ထားသည့် စာသင်ကျောင်းများမှ ဆရာ၊ဆရာမများ နဲ့ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပြီး ဆောင်ရွက်သွားပါသည်။
၎င်း အခမ်းအနားတွင် ကလေးငယ်များအတွက် ဉာဏ်စမ်း မေးဖြေများ၊ သရုပ်ဖော်အကများ၊ ပန်းချီဆွဲ၊ ရုပ်ပုံဆေးချီ၊ ကံစမ်းမဲနှိပ်၊ ဆုလက်ဆောင်ပေး စသော အစီအစဉ်များပါဝင်ပြီး မနက်၈း၃၀မှ ညနေ ၃း၀၀အတွင်း ကလေးများနဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်သွားပါသည်။

အပြည့်စုံသို့ .

Thursday, January 8, 2009

ဆန္ဒ

မွေးဌာနီ ရွှေပြည်မြန်မာ ဗိမာန်နန်းဆီသို့
အတွေးလွှာစီ နေခြည်အဖြာ စိတ်မှာမှန်းရွယ်ဆ
တမ်းတကာ လွမ်းစာဖွဲ့ပို့ ကဗျာ
သြော် ကျန်းမာရဲ့ တို့မြန်မာ။

တပါးမြေမှာ အနေကြာသော်လည်း
သွားလေရာမှာ မြန်မာအရေးဆို
မနားမနေပါ အခါ မရွေးပါဘု
ဆွေးနွေးမယ် ဘယ်မှာငြင်းပါလိမ့်
သွေးချင်းယှက်ဖြာ။

အလှဝေဆာ စိမ်းလန်း နုသစ်စေတဲ့
မြန်မာ့ပြည်မှာ ငြိမ်းချမ်းဆုအနှစ်တွေကို
ထုဆစ်ကာ ပေးလိုက်ချင်ရဲ့
ဘေးဘယာတွေ ဝေးကွာစေကြောင်း
ဆုတောင်းရ အခါခါ
ကိုယ့်စိတ်မှာ မြေ့ချမ်း။
သာယာချင်ပါရဲ့

အာဏာရှင် စံနစ်ဆိုးတွေ ချုပ်ငြိမ်းလို့
ရုတ်သိမ်းရင် ဘယ်လောက်ကောင်းလိမ့်မလဲ
အနှုတ်လက္ခဏာ အပေါင်းကိုပြောင်း
အကျိုးဖြစ်စေတဲ့ အကြောင်းတရားကို
ပေါင်းစုကာ အခါမလင့်စေပဲ
အနာဂါတ် အခြေသာအောင်
ကမ္ဘာပတ် ဖွေရှာစမ်းလကွဲ့
မြန်မာ့ ဇာတ်ဝင်ခန်း။
မင်းထက်မိုး
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

အပြည့်စုံသို့ .

Page Navigation Menu Widget

 

မူလသို့>>>